Website အမြောက်အမြားဟာ သူတို့ရဲ့ဆိုဒ်တွေမှ ပို့စ်များ ပုံများ ကိုအလွယ်တကူ ကူးယူ၍ မရအောင် right click ကို disable လုပ်ထားလေ့ရှိပါတယ် ဒါဟာ ကောင်းမွန်တဲ့ နည်း လမ်းတစ်ခုလို့တော့ ဆိုနိုင်ပေမဲ့ ပြီးပြည့်စုံခြင်းတော့ မရှိသေးပါဘူး တားမြစ်ကန့်သတ်ထားတဲ့ website များမှ data များကို ကူးယူလိုပါက အောက်ပါနည်းလမ်းကို အသုံးပြုပြီး အလွယ် တကူ ကျော်လွားနိုင်ပါတယ်။ Internet Explorer 8 ကိုနမူနာထားပြီး ဆွေးနွေးသွားပါမယ်
1. Tools–>Internet Options —>Security tab ကို click ပါ ။
2. Custom Level ဆက်လက် click ပါ Security Setting ကိုရောက်လာပါမယ် ။
3.Scroll down ဆွဲချပြီး “Scripting” section ကိုရှာပါ ။
4.Active scripting ကို Disable ပေးပါ ။
ဒါဆိုရင် ပိတ်ပင်တားဆီးထားတဲ့ website များမှ ပို့စ်၊ပုံများကို အလွယ်တကူ ကူးယူနိုင်ပါပြီ။
( http://kotzp.co.cc/ မှတဆင့်တင်ပြထားခြင်းဖြစ်ပါသည် )
Mar11,2009
How to hack “Right Click Disable “
Posted by အမှောင်ထဲက ပိုးစုန်းကြူး at 9:02 PM Labels: Hacking 0 comments
Mar6,2009
EOT လုပ်ကြရအောင်
# ပထမဆုံး Microsoft web site ကို သွားပြီး WEFT (Web EmbeddedFont Technology) ကို ဒီမှာ download လုပ်ပါ... ပြီးရင်တော့ install လုပ်ပေါ့ဗျာ...
# ကျတော်တို့လို မြန်မာပြည်တွင်းမှာနေတဲ့လူတွေက eot လုပ်မယ့် web site ကိုညွှန်ပြရတာအချိန်အရမ်းကြာတယ်... ကျတော် ဘာလုပ်ထားလဲဆိုတော့ Zawgyi-One သုံးမယ်ဆိုရင် အဲဒီfont နဲ့ ကျတော်သုံးမယ့် Bold, Italic, Bold+Italic and Normal စာလုံးတွေ ပါတဲ့web page လေးတစ်ခု အရင် တည်ဆောက်ထားလိုက်တယ်... ခု အဲဒီ web page နာမည်ကို eot.htmလို့ပေးထားတယ်...ကဲစရအောင်ဗျာ
# WEFT program ကိုဖွင့်ပါ... Welcome! This wizard will guideyou ... ဘာညာ လာပြရင် နားလည်အောင် ဖတ်ပြီးရင် Next ကို နှိပ်ဗျာ...
# Full Name နဲ့ E-mail ထည့်ပြီး Next ကိုနှိပ်ဗျာ...
# ခုပေါ်လာတဲ့ dialog box က အရေးကြီးတယ်နော်... ရှေ့က list boxထဲမှာ ခုကျတော်က ကွန်ပျူတာထဲမှာ ရှိတဲ့ ဖိုင်ကို သုံးမှာဆိုတော့ file:// ကိုရွေးတယ်...Internet ပေါ်က ဖိုင်ကို ညွှန်းမယ် ဆိုရင်တော့ http:// (or) https:// (or) ftp://တစ်ခုခုကို ရွေးပေးစရာ လိုပါတယ်...ခုရွေးခဲ့တဲ့ list box ရဲ့ ညာဘက် ၁-ခုကျော်မှာရှိတဲ့ ... button လေးကို ကလစ်နှိပ်ပြီး ကျတော် လုပ်ထားတဲ့ eot.htm ရှိတဲ့ဖိုင်လေးကို ညွှန်ပြလိုက်ပါတယ်...
ပြီးရင် Next ကို ကလစ်လုပ်ပါ...Analyze Web Pages dialog boxပေါ်လာရင် Next ကိုနှိပ်ပါ... The page file:..... It may not display on Win9xand MacOS. Unicode and Uniscribe is required. Do you want to continue? ဆိုတဲ့box လာပြရင် Yes ကို ကလစ်လုပ်ပါ...
Font to Embed box ကိုရောက်ရင်...subsetting ကို 7. No subsetting ထားလိုက်ပါတယ်... ခုကျတော် ညွှန်ပြလိုက်တဲ့ web page ထဲမှာ embed လုပ်စရာမလိုတဲ့font တွေ ပါလာတယ်ဆိုရင် အဲဒီ font ကို select လုပ်ပြီး Don't embed ဆိုတာလေးကိုclick လုပ်ပါ...
Create Font Objects ဆိုတဲ့ box ပေါ်လာရင် Edit button ကိုနှိပ်ပြီး eot သုံးမယ့် web site တွေရဲ့ address ကို ထည့်ပေးရပါတယ်... ထည့်တဲ့အခါသိထားရမှာက http://soul-of-blog.blogspot.com လို့ပဲထည့်ထား ခဲ့မိရင် http://www.soul-of-blog.blogspot.comလို့ ၀င်ကြည့်တဲ့လူတွေ အဆင်မပြေပါဘူး... အဲဒါကြောင့် လိပ်စာထည့်တဲ့အခါ www ပါတာတဲ့ လိပ်စာရော ၊ မပါတဲ့ လိပ်စာပါ ထည့်ပေးစရာ လိုပါတယ်...
ပြီးရင် ပုံထဲမှာ ပြထားတဲ့အတိုင်း အပေါ်က check box ၂-ခုကိုအမှန်ခြစ် ခြစ်ပေးပြီး Next ကို နှိပ်လိုက်ပါ...
ခဏတော့စောင့်နော်...CSS Style dialog box ဆိုပြီး ပေါ်လာပါလိမ့်မယ်..အဲဒီထဲက အောက်မှာပြထားတဲ့ code တွေကို ကျတော် copy ကူးထားလိုက်တယ်...
@font-face {
font-family: Zawgyi-One;
font-style: normal;
font-weight: 700;
src: url(ZAWGYIO3.eot)
}
@font-face {
font-family: Zawgyi-One;
font-style: oblique;
font-weight: normal;
src: url(ZAWGYIO2.eot);
}
@font-face {
font-family: Zawgyi-One;
font-style: oblique;
font-weight: 700;
src: url(ZAWGYIO1.eot);
}
@font-face {
font-family: Zawgyi-One;
font-style: normal;
font-weight: normal;
src: url(ZAWGYIO0.eot);
}
# ပြီးရင်တော့ Close ကိုနှိပ်တယ်... Next ကိုနှိပ်တယ်...
# You all are done.... ဘာညာလာပြတော့ Finish ကို နှိပ်လိုက်တယ်... eot.htm ရှိတဲ့ folder ထဲသွား ကြည့်တော့ ZAWGYIO0.eot, ZAWGYIO1.eot, ZAWGYIO2.eot, ZAWGYIO3.eot ဆိုပြီး ဖိုင် ၄-ဖိုင် ထွက်လာတာ တွေ့ရတယ်... ဘာဖြစ်လို့ ၄-ဖိုင် ထွက်တာလဲဆိုတော့ eot.htm ဖိုင်ထဲမှာ့ Bold, Italic, Bold+Italic, Normal ဆိုပြီး စာ ၄-မျိုး ထည့်ထားမိလို့ ခင်ဗျ...
# အဲဒီ ဖိုင် ၄-ဖိုင်ကို အင်တာနက်ပေါ်တင်ရအောင်...
ကိုယ်ပိုင် hosting ရှိရင် ကိုယ်ပိုင်ပေါ်တင်ပေါ့ဗျာ... ကျတော့်လို ကိုယ်ပိုင်မရှိတဲ့သူတွေကတော့ free hosting ပေါ်တင်တယ်ပေါ့ဗျာ... ခု ကျတော် ripway.com ပေါ်တင်လိုက်တယ်ဗျာ...
ခုနကရလိုက်တဲ့ CSS မှာ အဲဒီ upload လုပ်လိုက်တဲ့ font ရဲ့ URL ကိုဖြည့် ပါ။ (အဝါရောင်စာသားနေရာ)
@font-face {
font-family: Zawgyi-One;
font-style: normal;
font-weight: normal;
src: url(http://h1.ripway.com/soul-of-blog/eot/ZAWGYIO3.eot);
} ဒီ code ကိုtemplate ရဲ့ CSS ပိုင်းမှာ ကူးထည့်ပါ။
ပြင်ပြီးပြီဆိုရင် အဲ့ဒီ code အကုန် copy ပြန်ကူးပြီး web page ရဲ့ html code ထဲက STYLE TYPE="text/css" ဆိုတဲ့အောက် ကပ်လျှက်မှာ paste လုပ်လိုက်ပါ...
ရလား မရလားကို ဖောင့်မရှိတဲ့ ကွန်ပျူတာမှာ Internet Explorer နဲ့ ပြန်ကြည့်ပါ... ကျန်တဲ့ browser များနဲ့ ကြည့်ရင် မြင်ရမည်မဟုတ်ပါ...
Posted by အမှောင်ထဲက ပိုးစုန်းကြူး at 10:17 PM Labels: Blog 0 comments