ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ သယ်ရင်းအပေါင်းတို့

nLite

nLite ကိုသုံးဖို့ ကိုယ့်ဆီမှာ ၀င်းဒိုးခွေရှိရမယ်၊ ပြီးရင် အဲဒီဝင်းဒိုးခွေထဲမှာပါသမျှအကုန်လုံးကို ကော်ပီကူးပြီး ကွန်ပျူတာထဲကို Folder တစ်ခု (e.g. XP ) ဆောက်ပြီး ထည့်ရပါမယ်။ ပြီးရင

nLite ကို Download လုပ်ပြီး Install လုပ်၊ ပြီးရင်ဖွင့်၊ ဖွင့်ပြီးတာနဲ့ သူက Windows Folder ကို ရွေးခိုင်းပါလိမ့်မယ်။ အဲဒီအခါမှာ အစောက Folder ကို ရွေးပေးပါ။ ပြီးတဲ့အခါမှာ


ကိုယ့်စိတ်ကြိုက် Customize လုပ်လို့ရပါပြီ။ နောက်ဆုံး အဆင့်မှာ ISO ဖိုင် ထုတ်ပေးပါလိမ့်မယ်။ အဲဒီ ISO ဖိုင်ကို CD ပြန်ရိုက်ပြီး စသုံးလို့ ရပါပြီ။ အဲဒီစီဒီခွေဟာ ကိုယ့်စိတ်ကြိုက် ပြုပြင်ထားတဲ့ ၀င်းဒိုးခွေဖြစ်သွားပါပြီ။ ကျွန်တော်တောင် အခုထွက်တဲ့ Windows XP SP3 ကို ဆိုင်ကနေမ၀ယ်ဘဲ nLite နဲ့ ကိုယ့်ဘာသာ လုပ်ထားတယ်။

nLite ဟာ Windows Installation ကို Customize လုပ်ဖို့ Free ပေးထားတဲ့ Program ပါ။ အားလုံးလည်း သတိထားမိကြမှာပါ။ အခုနောက်ပိုင်း ၀င်းဒိုးစီဒီတွေမှာ CD Key ရိုက်စရာမလိုတာတို့၊ ၀င်းဒိုးတင်ပြီးတာနဲ့ Program တွေပါ တစ်ခါတည်းပါလာတို့ပေါ့။ အဲဒါတွေအားလုံးဟာ nLite နဲ့ လုပ်ထားတာပါ။

1. Slipstream Service Pack (Service Pack များ ပေါင်းထည့်ခြင်း)
2. Add Hotfixes, Addons and Update Packs များ ပေါင်းထည့်ခြင်း
3. Drivers များပေါင်းထည့်ခြင်း (ဒါကြောင့် ၀င်ဒိုးတင်ပြီးတာနဲ့ Driver ထည့်စရာမလိုတော့ပါ)
4. Components များဖယ်ရှားခြင်း (၀င်ဒိုးထဲကနေ ကိုယ့်အတွက် အသုံးမလိုတဲ့ဟာတွေကို ကြိုဖြုတ်နိုင်ခြင်း၊ ဥပမာ Windows Messenger)
5. Unattended Installation လုပ်ခြင်း (၀င်ဒိုးတင်တဲ့အခါ မေးမယ့် CD Key တွေ၊ Computer Name တွေကို ကြိုတင်ထည့်ထားနိုင်ခြင်း)
6. Tweaks (၀င်ဒိုးကို ပိုမြန်အောင်၊ ပိုကောင်းအောင် လုပ်နိုင်မယ့် Tweak တွေ Apply လုပ်နိုင်ခြင်း)
7. Bootable ISO (အားလုံးစိတ်ကြိုက်လုပ်ပြီးပါက Boot လုပ်နိုင်သော ISO ဖိုင် ထုတ်ပေးနိုင်ခြင်း)

ဒီမှာ သွားပြီး download လုပ်နိုင်ပါတယ်။

0 comments: