ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ သယ်ရင်းအပေါင်းတို့

Note@Note2Email.com

Email တစ်စောင်မှာ Address နဲ့ IP ဖျောက်ထားချင်တယ် စာတွေကို လုံခြုံအောင် Encrypt လုပ်ပို့မယ်ဆို Free service တစ်ခု ညွှန်းလိုပါတယ်။ သူတပါး ထိခိုက်မယ့် အီးမေးလ် တစ်စောင် မဖန်တီး မိဖို့တော့ စဉ်းစား စေလိုပါတယ်။ Blacklist အဖြစ် သတ်မှတ်ခံရပြီး ပြသနာ သယ်ဆောင် ပေးမယ့် ဆားဗစ် မဟုတ်ဘဲ မိမိ လုံခြုံရေး အတွက် အကာအကွယ် ပေးမယ့် ဆားဗစ် မျိုးလို သုံးစေလိုပါတယ်။

Email တစ်စောင် ပို့ဖို့ Account တစ်ခု မလုပ်ရသလို Log in ၀င်ဖို့လည်းမလို မိမိ လိပ်စာ ဘယ်နေရာက ပို့တာတွေပါ ဖျောက်ထားပေးမယ့် ဆားဗစ်က Note2Email ပါ။ တစ်ကြိမ်မှာ တစ်စောင်သာ ပေးပို့နိုင်ပေမယ့် အကြိမ် အကန့် အသတ် မရှိ ပေးပို့နိုင်ပါတယ်။ အပြန် အလှန် Encrypt Key တွေ သုံးခြင်းဖြင့် ကြားက ဖြတ်ယူ ခိုးဖတ် ခြင်းတွေမှ ကွယ်ဝှက်ထားပေးပါတယ်။

နည်းနည်း ခက်နေတာက သက်ဆိုင်ရာ ISP တွေ အမှားများများ ရှိသူတွေ က အသုံးပြုခွင့် ငြင်းဆန် ပါလိမ့်မယ်။ မူရင်း ဆားဗစ် ကို ယုံကြည်တယ်၊ အတန်အသင့် လုံခြုံမယ့် အီးမေးလ် အမြန်ပို့ မယ်ဆို www.Note2Email.com ကကူညီပါလိမ့်မယ်။

0 comments: